Android တွေဟမ်းရခြင်းအကြောင်းအရင်း *ကိုမိက်*ရေးထားတာလေး ပြန်လည်မျှဝေပေးတာပါ။ Android User တိုင်းခဏလောက်တော့ဖတ်ကြည့်စေချင်တယ်>>>>>>
"Android User များသိထားသင့်သော''
Android ဖုန်းစသုံးတဲ့ကာလာကနေ အခုထိ တွေ့ကြုံ မြင်နေရတဲ့ အတွေ့အကြုံအရ သိလာတဲ့ အရာနဲနဲပါးပါး ပြောပြမယ်နော်။ ခုစာပိုဒ်ဟာ ဘယ်စာအုပ်ထဲကမှ မဟုတ်ပါဘူး။ ထိုကြောင့် သဘောမကျလျှင် မဖတ် မလိုက်နာပါနဲ့။ ကိုယ့်အတွက် အကျိုးကျေးဇူးများ တစ်ခုခု ရှိမလား ဆိုရင်တော့ ဆက်ဖတ်သွားပေါ့ဗျာ။
Android အသုံးပြုသော သူငယ်ချင်းများ ဖုန်းဟန်းတယ် ဖုန်းထစ်တယ် ဖုန်းအလုပ်လုပ်ရတာ နှေးနေတယ် ဘတ်ထရီကုန်မြန်မှမြန် ဘတ်ထရီအရမ်းပူတယ် ဘာညာ ခဏခဏ ပြောနေသံကြားလို့ သိသလောက် ပြောပြကြည့်တာပါ။
Android ဖုန်းတလုံးမှာ သန့်ရှင်းရေးဆော့ဝဲလ် (Clean App), ဘတ်ထရီအထောက်အကူပြုဆော့ဝဲလ် (Battery Saver App), ပိုးသတ်တဲ့ဆော့ဝဲလ် (Virus App) တွေမလိုအပ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။
သန့်ရှင်းရေးဆော့ဝဲလ်အစား ဆိုဒ်အားသေးသေးလေးနဲ့ Ram ပိတ်ပေးတဲ့ ဆော့ဝဲလ်တစ်ခုလောက်ရှိရင် လုံလောက်ပါပြီး။ ဖုန်းထစ်တယ် ဟန်းတယ်ဆိုတာကလည်း Ram နဲ့ဆိုင်မယ်လို့လည်း ကျွန်တော်ထင်ပါတယ်။ ဖိုင်အပျက်တွေ မလိုအပ်တဲ့ ပြစ်ထုတ်ပြီးသွားတဲ့ (Uninstalle) ဖိုင်အကျန်တွေကိုတော့ ကိုယ့်ဘာသာ ရှင်းယူလည်း ရပါတယ်။ ရှင်းနည်းကတော့ My File ထဲကိုသွား ဖုန်းအား (Device Storage) ကိုဖွင့် ဖုန်းခလယ်ခလုတ် (Menu Key) ခလုတ်ကိုနှိပ့်ပြီး Setting ကိုနှိပ့် အဲ့မှာပေါ်လာတဲ့ အကွက်တွေထဲက Show Hidden Files ကိုအမှတ်ခြစ်ပေးလိုက်ပါ။ ဒါဆိုဖုန်းအားထဲမှာ အရှေ့မှာ ( . ) လေးခံနေတဲ့ Folder လေးတွေ ပေါ်ထွက်လာပါမယ်။ အကုန်လုံးသာ ပြစ်ထုတ်လိုက်ပါ။ ပြီးရင် ဖုန်းအားထဲက Folder တွေကို တစ်ခုခြင်း လိုက်ဖွင့်ပြီး အရေးမကြီး မသိတဲ့ Foler အလွတ်တွေ မသိတဲ့ ဖိုင်တွေကို ဖြတ်ပြစ်လိုက်ပါ (၂ ရက် ၃ ရက်တစ်ခါ ဝင်ရှင်းသင့်ပါတယ်) ဒါပေမဲ့ Android နာမည်နဲ့ Folder ကိုတော့ သွားမထိပါနဲ့။ ဖုန်းအားထဲမှာ ဓာတ်ပုံ သီချင်း ဗီဒီယိုတွေ ဆော့ဝဲလ်တွေ ရှိနေရင် ကဒ် (SD Card) ထဲကို ပြောင်းထည့်ပေးပါ။ ဒါမှဖုန်းဟာ ပိုပေါ့ပါး သွက်လက်လာမှာပါ။ ကဒ်ထဲပြောင်းထားတာလည်း တမျိုးကောင်းပါတယ် ဖုန်းဆိုတာ ဘယ်အချိန် ထဖောက်မလည်း မသိရဘူးလေ Samsung ဖုန်းတွေ နေရင်းထိုင်ရင်း ပါဝါပိတ်သွားပြီး ပြန်ဖွင့်မရတော့လို့ ဖန်လုံးတင် (Firmware) ဖုန်းဆေး (Formet restore) ချပေးလိုက်ရတာမျိုးလည်း ရှိပါတယ်။ ဒီလိုဆို ဖုန်းအားထဲကရှိတဲ့ အရာတွေအားလုံး ဆုံးရှုံး သွားရမှာပါ။ ထိုကြောင့် ကဒ်ထဲပြောင်းထားပေးတာ ဖုန်းအတွက်ကော ကိုယ့်အတွက်ပါ ကောင်းပါတယ်။ နောက်တစ်ခုက မလိုအပ်တဲ့ ဆော့ဝဲလ်တွေ ဖုန်းထဲမထည့် (Installe) ထားပါနဲ့။ ဖုန့းတလုံးဟာ ဆော့ဝဲလ်ထည့်နဲလေ ကောင်းလပါဘဲ။ ဘာဖြစ်လို့လည်းဆိုတော့ ဆော့ဝဲလ်တစ်ခုကို ဖုန်းထဲထည့်လိုက်တာနဲ့ ကိုယ်အသုံးမပြုဘူး ဆိုရင်တော့ နောက်ကွယ်အလုပ်လုပ် (Ram) နေမှာပါ။ ထိုကြောင့် မလိုအပ် မသိတဲ့ မသုံးတတ်သော ဆော့ဝဲလ်များဆို မထည့်ထားပါနဲ့။ နောက်ပြီး ကြာကြာမှ တစ်ခါသုံးတဲ့ ဆော့ဝဲလ်မျိုး (ဥပမာ ဓာတ်ပုံပြင်ဆော့ဝဲလ်, ဗီဒီယိုပြင်ဆော့ဝဲလ်, ဓာတ်ပုံတွေကို ဗီဒီယို လုပ်ယူတဲ့ဆော့ဝဲလ်) တွေကို ဖုန်းထဲမထည့်ထားပါနဲ့ အသုံးပြုတော့မယ်ဆိုမှ ဖုန်းထဲထည့် အသုံးပြုပြီး ပြီးတာနဲ့ ပြန်ဖြတ်ပြစ် (Uninstalle) ပေးလိုက်ပါ။
နောက်တစ်ခုက Facebook, Line, Viber, We Chat, Whatsapp တို့လို့ ဆော့ဝဲလ်မျိုးတွေဟာ အသုံးပြုရတာ ကြာလာတာနဲ့အမျှ Data အရမ်းတတ်ပြီး နောက်ကွယ်မှာ အချိန်ပြည့် Ram နေတတ်တဲ့ ဆော့ဝဲလ်မျိုးတွေပါ။ ဖြစ်နိုင်ရင် သူငယ်ချင်းနဲတဲ့ဆော့ဝဲလ် သိပ့်မသုံးဖြစ်တဲ့ ဆော့ဝဲလ်တွေကို ဖုန်းထဲမထည့်ထားတာ အကောင်းဆုံးပါ။ ဥပမာ Facebook ဆိုရင် အလွန်ဆုံး 25Mb ပါ။ ၂ ရက် ၃ ရက်လောက် သုံးလာရင် Data 100Mb ကျော်ထိ တတ်သွားပါတယ်။ ဒါက Data ပိုင်းနော် Ram အသေစားတာလည်း Facebook လောက်စားတာ Facebook ဘဲရှိပါတော့တယ်။ ဒါတောင် တချို့က Facebook အတုလေး အရောင်လေးနဲ့ ၃ ၄ မျိုး သုံးနေကြတယ်။ Facebook ဆော့ဝဲလ် တစ်ခုတောင် အားဒီလောက်တတ်တာ ၂ ခု ၃ ခုဆိုရင်တော့ စဉ်းစားကြည့်ပေါ့ဗျာ။ နောက်တခုက ဂိမ်းကြီးတွေပါဘဲ တချို့က ဖုန်းကိုမကြည့်ဘဲ ဂိမ်းကြီးတွေ ဒေါင်းတတ် ကစားတတ်ကြပါတယ်။ ဥပမာ ဆင်ပေါက်မဲ့ သံချွန်နဲ့ ဆိတ်ကလေးကို ပေါက်သလိုပေါ့။ တန်ရာ တန်ရာပေါ့ဗျာ။ ဆိုဒ်အား 1Gb ရှိတဲ့ ဂိမ်းတဂိမ်းဟာ အသုံးပြုတဲ့ ဆော့ဝဲလ်ပေါင်း အခု ၅၀ ထက်မကနဲ့ (ကျွန်တော်ခန့်မှန်းချက်) ညီမျှပါတယ်။ ဒါဆို ဂိမ်းတစ်ခုဘဲ သုံးမှာလား ဆော့ဝဲလ်အခု ၅၀ ကျော်ဘဲ ထည့်သင့်လား စဉ်းစားပေါ့ဗျာ။ ဖုန်းဘဲဗျာ Note 3 တို့လို့ ဖုန်းမျိုးကို မပြောလိုပေမဲ့ တစ်ချို့က ဖုန်းကိုမကြည့်ဘဲ ဇွတ်ဒေါင်း ဇွတ်သုံးနေကြတယ်။ တချို့ဂိမ်းတွေက Ram အရမ်းစားပြီး ဘတ်ထရီ အသေတုတ်ပါတယ်။ ကြာလာရင် ဘတ်ထရီပါ ဖောက်ပြန်သွားမဲ့ အခြေအနေမျိုးပါ။
(အပေါ်က ပြောသလိုသာ လိုက်လုပ်လျှင် သင့်ဖုန်းဟာ ဟန်းခြင်း ထစ်ခြင်း ၅၀ ရာခိုင်နှုန်းလောက် လျော့နဲသွားပါမယ်။)
ဘတ်ထရီဆော့ဝဲလ်ဟာ Android စက်ရုပ်ဖုန်းအတွက် မလိုအပ်တဲ့ဆော့ဝဲလ်လို့ ကျွန်နော်ထင်တယ်ဗျာ။ ဖုန်းတလုံးရဲ့ ဘက်ထရီဟာ ကြာလာရင် ပျက်စီးလာမှာ သဘာဝပါ။ တစ်ချို့က ဖုန်းအားကုန်မြန်လို့ ဘတ်ထရီဆော့ဝဲလ် သုံးကြတယ်။ သင်သိပါသလား အဲ့ဘတ်ထရီဆော့ဝဲလ်တွေကြောင့် သင့်ဖုန်းပို ဘတ်ထရီကုန်မြန်သွားပါမယ်။ ဖုန်းပူလာတာကလည်း ဒီဆော့ဝဲလ်တွေ ထိမ်းချုပ်ထားလို့လည်း ပါပါတယ်။ Root နည်းမမှန်လို့လည်း ပါတာပေါ့။
(ဘတ်ထရီမကောင်းတော့လို့ ဆော့ဝဲလ်လေးနဲ့ ပြင်ရစတန်းဆို ဖုန်းဆိုင်တွေမှာ ဘတ်ထရီ မရောင်းစားတော့ပါဘူး)
ပိုးသတ်တဲ့ဆော့ဝဲလ်ကတော့ အပိုဆော့ဝဲလ်တစ်ခုလို့ ကျွန်နော်ထင်တယ် ဟိုကာကွယ်တယ် ဒီကာကွယ်တယ်နဲ့ တကယ်တော့ သက်သက် ဖုန်းကို ထိန်းချုပ်ထားတဲ့ ဆော့ဝဲလ်ပါ။ Android မှာ ပိုးကာကွယ်တဲ့နည်း ဖုန်း System မှာပါပြီးသာပါ (ကျွန်နော်ဆရာ ပြောပြထားတာပါ) ကျွန်နော်နေတဲ့ အသိုင်းအဝိုင်းနဲ့ ကျွန်နော် Android သုံးလာတဲ့ ကာလပတ်လုံး စက်ရုပ်ပိုးကိုက်တယ်ဆိုတာ မမြင်ဖူးပါဘူး မကြားဖူးသေးပါဘူး (နာမည်ဘဲကြည့်လေ စက်ရုပ် သံနဲ့လုပ်ထားတာ) ဒါတောင် ဆော့ဝဲလ်လေးတွေထည့်ရင် ဒီဆော့ဝဲလ် မထည့်နဲ့ ဟိုဆော့ဝဲလ် မထည့်နဲ့နဲ့ လိုက်ပိတ်ပင် လိုက်ဖြတ်ပြစ်ပါသေးတယ် တကယ်တော့ အဲ့ဆော့ဝဲလ်တွေက ပြသနာ မရှိပါဘူး တချို့ဆော့ဝဲလ်တွေက ကြော်ငြာ (Ads) နဲနဲပါးပါး ပါလာတာကလွဲလို့ပေါ့။
တစ်ခုတော့ရှိတယ် ဖုန်းကို USB ကြိုးအသုံးပြုပြီး ကွန်ပြူတာတို့ လက်တော့တို့နဲ့ ချိတ်ဆက်ပြီး ဟိုဟာကူး ဒီဟာကူးလို့ ပါလာတဲ့ ပိုးတွေကိုတော့ အဲ့ဆော့ဝဲလ်လေးလည်း မတားဆီး မဖျက်ဆီး နိုင်ပါဘူး။ အထူးသဖြင့် လမ်းဘေးက အင်တာနက်ဆိုင်တွေကို သတိထားပါ။ တစ်ချို့လူတွေက ဈေးကြီးတယ်ဆိုပြီး ဇွတ်ထည့်ထားတော့တာပါဘဲ (သူလည်း လူရွေးသလိုဘဲ အပေါ်ယံမကြည့်နဲ့ အတွင်းဘက်ကို ကြည့်တတ်ပါစေ)
ကျွန်နော်ပြောပြတဲ့ သန့်ရှင်းရေးနည်းက 50% ဖုန်းကိုကောင်းစေပါမယ်။ ဘတ်ထရီဆော့ဝဲလ်နဲ့ ပိုးသတ်တဲ့ ဆော့ဝဲလ်တွေက 30% ဖုန်းကို ကောင်းစေပါမယ်။ ကျန်တဲ့ 20% ရာခိုင်နှုန်းကတော့ အခြားမလိုအပ်တဲ့ ဆော့ဝဲလ်တွေပေါ့။ ဒီဆော့ဝဲလ်တွေဟာ ဖုန်းကိုအရမ်း ထိမ်းချုပ်ထားလို့ ဖုန်းဟာ မလွတ်လပ်တော့ဘဲ ပိုလေးလာ ပိုဟန်းလာ ပိုထစ်လာ ဘတ်ထရီပိုကုန်မြန်လာ ပိုပူလာတာတွေပါ။
ကျွန်တော်ရေးတဲ့ စာပိုဒ်ဟာ သင်သဘောကျတယ်ဆို Like and share လုပ်ပြီး အခြားသူများကိုလည်း ဝေမျှပေးကြပါ။
ဒါကတော့ ကျွန်တော်လက်ဆောင် 1Mb သာသာ Ram ပိတ်ပေးတဲ့ ဆော့ဝဲလ်လေးပါ။ ဒီဆော့ဝဲလ်ကို မကြာမကြာ နှိပ့်ပေးခြင်းဖြင့် သင့်ဖုန်းက Auto Ram နေတာတွေကို ရှင်းပေးမှာ ဖြစ်ပါတယ်။ Play store မှာ ဘတ် ၈၀ ကျော်နဲ့ရောင်းတဲ့ ဆော့ဝဲလ်ပါ။ ကျွန်နော် ဆော့ဝဲလ်အပုံနဲ့ နာမည်ကိုတော့ ပြန်ပြင်ထားပါတယ်။ ကြိုက်ရင်အောက်မှာ ယူသွားပါ။
One Click RAM Cleaner >> http://pc.cd/2so
Android ဖုန်းကိုင်ရင် လွတ်လပ်တယ်။ IOS Apple လို မကန့်သတ် မခွဲထားတော့ လွတ်လပ်တယ် ဆိုပေမဲ့ သုံးမတတ်ရင် ဟန်းမှာပါဘဲ။
Android ဖုန်းကိုင်ပြီး အကြောင်းမသိဘဲ အသုံးပြုရင်တော့ ယုံမလားတော့မသိဘူး Grand 2 မှမဟုတ်ဘူး Note 4 ဝယ်လည်း ထစ်မှာပါဘဲ။
အပေါ်က အချက်တွေက ကျွန်တော်သိတဲ့ နဲနဲပါးပါးလေးပါ။ Crack Version ကြောင့် ထစ်တာ ဟန်းတာတို့ ဥပမာ Bagan Keyboard ကုတ်မလိုတဲ့ Crack Version တို့လိုပေါ့။ အကြောင်းမသိဘဲ တွေတဲ့ App အကုန်ထည့် နောက်မှ ဒီဖုန်းမကောင်းဘူး ထစ်တယ် လိုက်အော်နေလို့ကတော့ မိမိအမှားပါဘဲ။ System ပိုင်းဆိုင်ရာ App တစ်ခုခု မှားဖျက်မိလို့ သူနဲ့ဆက်သွယ်နေတဲ့ အခြား App တွေပါ ရပ်သွား ထစ်သွားတာတို့ တပုံကြီး ကျန်ပါသေးတယ်။
Android ဖုန်းတလုံးကို တရက်တခါ ပါဝါပိတ်ဖွင့် လုပ်သင့်သလို တစ်လတစ်ခါလောက် Formet reset ချပေးသင့်ပါတယ်။

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © Future Tech - Blogger Templates - Powered by Blogger - Designed by Johanes Djogan -