ကိုရီးယားအမျိုးသမီး နာမည်ကျော် ဒီဂျေ Soda ၏ ဖျော်ဖြေပွဲအတွက် ဇူလိုင် ၁၆ ရက်က လူ ၃၅၀ စာ လက်မှတ်များ စတင် ရောင်းချရာ တစ်ရက်အတွင်း လက်မှတ်တစ်ရာကျော် ရောင်းချ ခဲ့ရကြောင်း သတင်းရရှိသည်။

မတ်တတ်ရပ်ကြည့်ရှုရမည့် ကျပ်ငါးသောင်းတန်လက်မှတ်ကို လူဦးရေ ၁၀၀ အတွက် ရောင်းချ ရာ လက်မှတ် ၉၀ ကျော် ရောင်း ကုန်ပြီဖြစ်ကြောင်း ပွဲစီစဉ်သူက ပြောသည်။ လူငါးဦးထိုင်နိုင်သော အထူးဝိုင်း စားပွဲခုံတွင် ကြည့်ရှုနိုင် မည့် ဝိုင်း ၂၀ စာ လက်မှတ်များ ရောင်းချထားရာ ၁၅ ဝိုင်းခန့်ရောင်းချပြီးဖြစ်ကြောင်း ပွဲစီစဉ်သည့် MAHA ကုမ္ပဏီတည်ထောင်သူ ဦးကျော်သူဦးက ပြောကြားသည်။

‘‘တစ်ရက်တည်း ရောင်းလိုက်တာပါ။ မတ်တတ်အ ယောက် ၁၀၀ ကျော် ထပ်ရောင်းဖို့ စီစဉ်ထားတယ်။ ခုံကတော့ ၁၅ ခုံလောက်ပဲ ရောင်းဖို့ရှိတော့မယ်’’ဟု ၎င်းကပြောသည်။

ရန်ကုန်မြို့ ကန်တော်ကြီး ပဲလေ့စ်ဟိုတယ် မန်ဘာကလပ်၌ ဇူလိုင် ၃၁ ရက်တွင် ဒီဂျေ Soda အပါအဝင် ထိုင်းနာမည်ကျော် ဒီဂျေ Zuperl နှင့် DJ Paka၊ မြန်မာ ဒီဂျေတစ်ဦးတို့က ည ၈ နာရီမှ သန်းခေါင်ကျော် ညဥ့် ၁ နာရီအထိ ငါးနာရီကြာ ဖျော်ဖြေတင်ဆက်မည်ဖြစ်သည်။

‘‘သူငယ်ချင်းတွေ စုပြီး လက်မှတ်ဝယ်လိုက်တာပါ။ ငါး သောင်းတန်ဝယ်တာက ခုန် ပေါက်ပြီး ကြည့်လို့ရအောင်ပါ။ ဒီဂျေ Soda က ပေါ်ပြူလာဖြစ်လို့ ပါ။ သူ့ဒီဂျေတီးလုံးတွေကို ဖေ့စ် ဘွတ်ခ်က ဗီဒီယိုတွေတော့ ကြည့် ဖူးတယ်’’ဟု ဒီဂျေပွဲကို ကြည့်ရှု မည့် အသက်(၂၁)နှစ်အရွယ် မနွယ်နီလင်းလင်းကပြောသည်။

Soda သည် အကသမား တစ်ဦးဖြစ်ပြီး နောက်ပိုင်းတွင် ဒီ ဂျေလိုင်းဘက်ပြောင်းရာ အရှေ့ တောင်အာရှ၌ နာမည်ကြီးလာ သည်။ ၎င်းသည် ရုပ်ရည်ချော မောပြီး ခန္ဓာကိုယ်အချိုးအစား လှ ပခြင်းနှင့် ဒီဂျေတီးလုံးနှင့်အတူ ကဟန်အချို့ကြောင့် လူစိတ်ဝင် စားမှု ပိုမိုရရှိလာသည်။


ကိုရီးယား၊ ထိုင်းနှင့် မြန်မာ ဒီဂျေဖျော်ဖြေပွဲအတွက် တစ်ဦးလျှင် ကျပ်ငါးသောင်းနှင့် စားပွဲဝိုင်းတစ်ဝိုင်းလျှင် ကျပ်လေးသိန်း ငါးသောင်း သတ်မှတ်ထားသည်။

7Day Daily

Ref & Credit : http://www.7daydaily.com/story/41990

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © Future Tech - Blogger Templates - Powered by Blogger - Designed by Johanes Djogan -