ဆင်းကဒ်အကြောင်း ပြောပြီးတော့
မင်မိုရီကဒ်အကြောင်း ပြောကြတာပေါ့ဗျာ
SD (Secure Digital) လို့ခေါ်တဲ့ Micor SD ဖတ်တဲ့ ကဒ်အထိုင်အကြောင်းပါ ...

Micor SD Holder (J1403) ကဒ်အထိုင်မှာ ငုတ် (၁၀) ငုတ် ပါတယ်ဗျ
1. Dat2 - CPU သို့ Data ပို့ပေးတဲ့လမ်းကြောင်း
2. Dat3 - CPU သို့ Data ပို့ပေးတဲ့လမ်းကြောင်း
3. CMD - CPU မှ command ပေးတဲ့လမ်းကြောင်း
4. VDD - PMU မှ 3.3V ဗို့အားပေးတဲ့လမ်းကြောင်း
5. CLK - CPU မှ ခုန်လှိုင်းပေးသောလမ်းကြောင်း
6. VSS - အနုတ်ဗို့လမ်းကြောင်း
7. Dat0 - CPU သို့ Data ပို့ပေးတဲ့လမ်းကြောင်း
8. Dat1 - CPU သို့ Data ပို့ပေးတဲ့လမ်းကြောင်း
9. SW-B - ကဒ်ထည့်လျှင်သိရန် စောင့်ကြည့်သည့်ခလုတ်လမ်းကြောင်း
10. SW-A - ကဒ်ထည့်လျှင်သိရန် စောင့်ကြည့်သည့်ခလုတ်လမ်းကြောင်း

ကဒ်အထိုင်မှာပါတဲ့ စာအညွှန်းကိုသိရင် အလုပ်လုပ်ပုံ ဆက်ကြရအောင်
ကဒ် ဖတ်လို့ရတဲ့ သတင်းအချက်အလက် (Data) တွေကို CPU ဆီကို ပို့ပေးရပါတယ်။ CPU ဆီကို တိုက်ရိုက်မပို့ခင် ကြားထဲမှာ Filter (Z1401) လေးတခုနဲ့ စစ်ထုတ်ပြီးမှ ဆက်ပို့ပေးပါတယ်။ Filter မခံလို့လဲ မရဘူးလေဗျာ။ SD ကဒ်မှာ အမှားပါလာရင် အရင်ဆုံးထိမှာက CPU ကိုး။ ဆားဗစ်ဆရာအများစုက အဲဒီ Filter လေးကို ကဒ်အိုင်စီလို့လဲ ခေါ်ကြသဗျ။

ကဒ်အထိုင်ထဲကို ကဒ် မထည့်မချင်း ငုတ်နံပါတ် (9) နဲ့ (10) တို့က ထိမနေကြပါဘူး။ အဆက်အသွယ်မရှိဘူး လွတ်နေတယ်ဆိုပါတော့။ ကဒ်ထည့်လိုက်တော့မှ ကဒ်ရဲ့ ညာဘက်အစွန်မှာပါတဲ့ အတက်လေးက ငုတ်နံပါတ် (9) ကို သွားတွန်းလိုက်တယ်။ အဲဒီတော့မှ (9) နဲ့ (10) တို့ ထိမိသွားကြပြီး (9) မှာလဲ အနုတ်ဗို့ ရောက်သွားပါတယ်။

ငုတ်နံပါတ် (9) ကို SD Detect လမ်းကြောင်းအဖြစ် CPU ကို တိုက်ရိုက်ဆက်သွယ်ထားတာဗျ။ အဲဒါဆို ကဒ်မထည့်မချင်း SD Detect ငုတ်က Ground မကျဘူး အနုတ်ဗို့ ရောက်မနေဘူးပေါ့ဗျာ။ SD ကဒ်ဖတ်လို့ လိုအပ်နေတဲ့ VDD 3.3V ကို PMU က ထုတ်ပေးရမှာ။ ဒါပေမယ့် အဲဒီဗို့ ထုတ်ပေးဖို့ CPU က အမိန့်ပေးမှ ထုတ်ပေးရတာကိုး။ CPU ကလဲ SD Detect သိမှ PMU ကို VDD 3.3V ထုတ်ပေးခိုင်းမှာလေ။ အဲဒါကြောင့် ကဒ်အထိုင်ထဲကို ကဒ်မထည့်မချင်း VDD 3.3V ရှိနေမှာ မဟုတ်ပါဘူး။

SD ကဒ်အထိုင်နဲ့ပတ်သက်ပြီး ကြီးမားတဲ့ပြစ်ချက် သိပ်မရှိပါဘူး။ ငုတ်နံပါတ် (9) လွတ်သွားလို့ ကဒ်ထည့်ထားတာတောင် CPU က SD Detect မသိတာလောက်ပဲ ဖြစ်တတ်ပါတယ်။ ငုတ်တွေ မကောင်းတဲ့အခါ ကဒ်အထိုင်လဲရင် ကောင်းသွားတတ်ပါတယ်။

တချို့ဖုန်းတွေမှာ ကဒ်မကောင်းတာထည့်ထားရင် ပါဝါနှိုးမရတာ၊ နိုးပြီးမှ ပြန်ပြန်ပိတ်သွားတတ်တာမျိုး၊သုံးနေရင်း ခဏခဏ ပြန်ပြန်ပိတ်သွားတတ်တာမျိုး ဖြစ်တတ်ပါတယ်။ ကဒ်ဖြုတ်နှိုးလိုက်ရင် ပုံမှန်အတိုင်း ကောင်းသွားတတ်တာပါပဲ။

Filter (Z1401) လေးတွေကို ကဒ်အထိုင်နားမှာ ထားတတ်သလို CPU နားမှာလဲ ထားတတ်ကြပါတယ်။ ကဒ်အထိုင်နားမှာရှိရင် ခွဲခြားဖို့လွယ်ပေမယ့် CPU နားမှာရှိရင် GPU Converter နဲ့ မှားတတ်ကြပါတယ်။ ပုံစံ အရောင် တူနေတာကိုး။ ဝင်းဝင်းပြောင်ပြောင်လေးလေဗျာ။
GPU Converter က IC ဘေးမှာ ကွိုင်နဲ့ ကွန်ဒင်ဆာကြီးကြီး ပါတယ်ဗျ။ Filter သူ့တလုံးထဲ သီးသန့်ကွဲနေတာ။ သေချာကြည့်ရင် ခွဲဖို့ လွယ်ပါတယ်။

အထိုင်ကောင်းနေပြီး ကဒ်မဖတ်ခဲ့ရင်တော့ Filter နဲ့ သက်ဆိုင်ပါတယ်။ အထိုင်လမ်းကြောင်း ကောင်းမကောင်း စမ်းချင်ရင်တော့ ဆင်းကဒ်အထိုင်စမ်းသလို Digital Meter မှာ Diode စကေးနဲ့ အုမ်းတိုင်းကြည့်ပါ။ အကောင်းတလုံးနဲ့ ယှဉ်တိုင်းရင် ပိုသိသာပါတယ်။
ကဲ ဒီလောက်ဆို SD ကဒ်အကြောင်း စုံလောက်ပီထင်ပါရဲ့ဗျာ ...
Credit..


Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © Future Tech - Blogger Templates - Powered by Blogger - Designed by Johanes Djogan -